𝗦𝘁𝗮𝗻𝗱 𝗯𝘆 𝗠𝗲 𝗗𝗼𝗿𝗮𝗲𝗺𝗼𝗻 2

𝗦𝘁𝗮𝗻𝗱 𝗯𝘆 𝗠𝗲 𝗗𝗼𝗿𝗮𝗲𝗺𝗼𝗻 2 (မြန်မာစာတန်းထိုး) {1080p}
2020 ‧ 𝗦𝗰𝗶-𝗳𝗶/𝗔𝗻𝗶𝗺𝗲 ‧ 1𝗵 36𝗺

ဒီတခေါက်Channel Premium Movie Pageကတင်ဆက်ပေးမယ့်ကားလေးကတော့ 2014 August 8ရက်နေ့မှာထွက်ရှိခဲ့တဲ့ Stand by me doraemonကားရဲ့နောက်ဆက်တွဲဖြစ်တဲ့ Stand by me doraemon2(2020)ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ 2014တုန်းကထွက်ခဲ့တဲ့ကားလေးကိုလဲ ဒီပေ့ခ်ျမှာတင်ထားပေးပြီးသားမို့ ဒိုရေမွန်ပရိသတ်တွေအနေနဲ့ အချိတ်အဆက်မိမိကြည့်ချင်ပါက ပေ့ခ်ျထဲမှာအပိုင်း၁ကိုရှာပြီး အရင်ကြည့်ရှုနိုင်ပါတယ်နော်။ 2020မှာထွက်ရှိခဲ့တဲ့အပိုင်း၂ကတော့ 2020 November 20ရက်နေ့မှာထွက်ရှိခဲ့ပြီး‌တော့ IMDb rating 7.4ရရှိထားတဲ့ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ အပိုင်း၁ကတော့ အနာဂတ်ကိုသွားကြည့်တဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဒီအပိုင်း၂ကတော့ အတိတ်ကိုပြန်သွားရာကနေစတင်ခဲ့တဲ့ဇာတ်လမ်းလေးလို့ပြောရမှာပါပဲ။ နိုဘိတတ‌ယောက် သူ့ရဲ့မွေးနေ့မှာပဲ ဘဲဥကြက်ဥမကွဲတဲ့စာမေးပွဲအမှတ်‌ကို အမေဖြစ်သူကတွေ့သွားပြီးအဆူအငေါက်စတင်ခံရပုံနဲ့ ဒီဇာတ်လမ်းကိုစတင်ဖွင့်ထားပါတယ်။ အဲ့အချိန်မှာပဲသူ့အခန်းထဲမှာဒိုရေမွန်တယောက် သူ့ရဲ့မှော်အိတ်ထဲကစက်တွေကိုသန့်ရှင်းရေးလုပ်ရှင်းလင်းနေခဲ့ပါတယ်။ အဆူခံရလို့ငိုယိုပြီးအခန်းထဲဝင်လာတဲ့နိုဘိတကတော့ ဒိုရေမွန်ရဲ့မှော်အိတ်ရှင်းလင်းရေးလုပ်နေတဲ့အထဲက စက်တွေကိုလျှောက်ကိုင်ကြည့်ရင်း အချိန်ခရီးသွားတဲ့အခါ အထဲဝင်ပီးသွားရတဲ့စားပွဲအံဆွဲထဲကနေ အမျိုးအမည်မသိတဲ့အရာတခု ရုတ်တရက်ပျံထွက်လာပြီး နိုဘိတရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတော့တယ်။ အဲ့ဒီ့နောက်နိုဘိတကိုယ်ထဲဝင်သွားတဲ့အရာကစပြီး အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကိုအချိန်ခရီးသွားစက်နဲ့ ကူးချည်သန်းချည်သွားလာရဖို့အ‌ကြောင်းဖြစ်လာခဲ့ပါတယ်။ ဒိုရေမွန်ရုပ်ရှင်ကားတွေရဲ့အစဉ်အလာအတိုင်း မှော်စက်တွေနဲ့ဟိုသွားဒီသွားလုပ်‌နေရင်းကြားထဲက နိုဘိတနဲ့သူ့အဖွားတို့ကြားထဲက မျက်ရည်မဆည်နိုင်စေမယ့်‌ မြေးအဘွားမေတ္တာတရား၊ မိသားစု သူငယ်ချင်းတွေရဲ့ချစ်ခြင်း‌တွေအပြင် ငယ်သူငယ်ချင်းမလေးရှီဇုကရဲ့နိုဘိတအ‌ပေါ်ထားတဲ့၅၂၈မှသည်၁၅၀၀သို့ တဖြေးဖြေးခိုင်မာဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာတရားတို့ကို ဒီအချစ်ဟာသနှောထားတဲ့ Stand by me Doraemon 2 သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှူအားပေးကြပါဦးနော်။Channel Premiumမှတင်ဆက်ပေးမှုတိုင်းဟာ ပရိသတ်တွေရဲ့ ဘဝအမောများကို တနေရာတထောင့်စာ‌လေး ချွေးသိပ်အမောဖြေပေးနိုင်ဖို့ မျှော်လင့်လျက် အားပေးကြည့်ရှုတဲ့ပရိသတ်များနဲ့အတူ မြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ကင်းပြီး ငြိမ်းချမ်းသာယာတဲ့နေ့သစ်တွေကို အမြန်ဆုံးခံစားပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

(ဘာသာပြန်က‌ နောက်ဆုံးပြီးခါနီးသီချင်းလေးပါTranပေးထားပါတယ်နော်)

(လူကြီးမင်းတို့၏ စီးပွားရေး ကြော်ညာများထည့်သွင်းလို့ပါကPage Chat Boxတွက်လာရောက်ဆက်သွယ်စုံစမ်း‌မေးမြန်းနိုင်ပါတယ်)

(နောက်ပိုင်းMovieတေကိုG-Drive Linkနဲ့တင်ပေးတော့မှာဖြစ်ပါတယ်G-Drive Link Downရအလွယ်ဆုံးဖြစ်ပါတယ်နော်)

(Downနည်းကG-Drive AppကိုDown Webထဲ၀င်Downloadဆိုတာကိုနှိပ်ရင်နှိပ် မနှိပ်ရင်ကားနာမည်ကိုနှိပ်လိုက်ပါ ပြီးအပေါ်မှာမြှားလေးကိုတွေ့ရင်နှိပ် ဖုန်းဘေးဘောင်ထောင့်ကအစက်သုံးစက်နှိပ် open withနှိပ်G-Driveကိုရွေး အစက်သုံးစက်နှိပ်Downloadဆိုတာကိုနှိပ်Downရင်ရပါပြီ)

Translate By - 𝗠𝗮𝘆 𝗡𝗮𝘆𝗰𝗵𝗶
Reviews By - 𝗠𝗮𝘆 𝗡𝗮𝘆𝗰𝗵𝗶
Encoder By - 𝗗𝗲𝗲 𝗗𝗲𝗲

#channelpremium

Comments