𝗥𝗮𝘆𝗮 𝗮𝗻𝗱 𝘁𝗵𝗲 𝗟𝗮𝘀𝘁 𝗗𝗿𝗮𝗴𝗼𝗻 (မြန်မာစာတန်းထိုး) (1080p}
2021 ‧ 𝗙𝗮𝗺𝗶𝗹𝘆/𝗙𝗮𝗻𝘁𝗮𝘀𝘆 ‧ 1𝗵 57𝗺
ဒီတခေါက်Channe Premium Movies Pageက တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဒီ2021ခုနှစ် မတ်လ၃ရက်နေ့မှာ Disneyကနေ အသစ်ထွက်ရှိလာတဲ့ IMDb(Internet Movie Database) rating 7.7အထိရထားသော Animation, Action, Adventure အမျိုးအစား ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ "ကူမန်ဒရာ"ဆိုတဲ့နယ်မြေမှာ လူသားတွေနဲ့နဂါးတွေဟာ ဟန်ချက်ညီညီ သဟဇာတဖြစ်စွာ အတူနေထိုင်ခဲ့ကြတယ်။ ဒီလိုနေထိုင်လာရင်းတနေ့မှာ ကပ်ဘေးတခုကြုံလာခဲ့ရတယ်။ အဲ့ဒါကတော့ သူတို့နဲ့ထိတွေ့သမျှအရာတိုင်း ကျောက်ရုပ်ထုဖြစ်သွားစေတဲ့ "ဒရွန်"လို့ခေါ်တဲ့ မကောင်းဆိုးဝါးတမျိူးပေါ်လာခဲ့တာပါ။ ဒီဒရွန်တွေကိုနှိမ်နင်းဖို့ နဂါးတွေနဲ့လူသားတွေကြိုးစားပေမယ့်လဲ မတတ်နိုင်ဘဲ
ဒရွန်တွေနဲ့ထိမိသူတိုင်း ကျောက်ရုပ်ထုတွေဖြစ်သွားခဲ့ကြတယ်။နောက်ဆုံး ကျောက်ရုပ်ထုမဖြစ်သေးဘဲကျန်ရစ်နေသေးတဲ့ နဂါးအချို့ဟာ သူတို့ရဲ့အစွမ်းတွေကိုပေါင်းစုပြီး "စီဆူဒါတူ"လို့ခေါ်တဲ့နဂါးဆီမှာ နဂါးရတနာကျောက်လုံးကို ပေးအပ်ခဲ့ပြီး ကျောက်ရုပ်ထုတွေဖြစ်သွားခဲ့တယ်။ စီဆူကလဲသူ့အစွမ်းကို ထိုမှော်ကျောက်လုံးထဲထပ်ထည့်လိုက်တယ်။ အဲ့ဒီ့အခါ နဂါးမှော်ကျောက်လုံးအစွမ်းတွေ လောကကြီးဆီပြန့်နှံ့သွားပြီးတော့ ကျောက်ရုပ်ထုဖြစ်နေတဲ့လူသားတွေဟာ ပုံမှန်ပြန်ဖြစ်လာခဲ့တယ်။ သို့သော် လူသားတွေကို ကယ်တင်ပေးခဲ့တဲ့နဂါးတွေကတော့ ရုပ်ထုအဖြစ်ကျန်ခဲ့ပြီး အရင်လိုပြန်မဖြစ်လာခဲ့ဘူး။ စီဆူလဲပျောက်သွားခဲ့ပြီး နဂါးတွေအကုန်လုံးလဲ ရုပ်ထုဖြစ်သွားခဲ့တယ်။ အဲ့ဒီ့နောက်လူသားမျိုးနွယ်တွေဟာလဲ နယ်မြေအသီးသီးကွဲကုန်ပြီး နှစ်ပေါင်းငါးရာအကြာမှာ နှလုံးသားနယ်မြေမှာ ထိန်းသိမ်းထားတဲ့ နဂါးမှော်ကျောက်တုံးကို အစွယ်နယ်မြေကစတင် လုယူပိုင်ဆိုင်ဖို့ကြိုးစားလာခဲ့တယ်။ ဒီလိုလုယူဖို့ကြိုးစားရင်း အမြီး၊လက်သည်း၊ကျောရိုးစတဲ့ အခြားနယ်မြေသုံးခုလဲပါလာခဲ့ပြီး တိုက်ခိုက်လုယူကြရင်းက နဂါးကျောက်တုံးကွဲသွားခဲ့တဲ့အခါ ဒရွန်တွေပြန်ပေါ်လာခဲ့တယ်။ နဂါးကျောက်အပိုင်းအစတွေကို နယ်မြေငါးခုက ဒရွန်တွေရန်ကကာကွယ်ဖို့အတွက် တခုစီလုယက်ကောက်ယူသွားခဲ့ကြတယ်။ အဲ့ဒီ့ဖြစ်ရပ်အတွင်း ဒရွန်တွေကြောင့် နှလုံးသားနယ်မြေ ခေါင်းဆောင်၊ မင်းသမီးလေးရာယာရဲ့အဖေဟာလဲ ကျောက်ရုပ်ထုဖြစ်သွားခဲ့ရတယ်။ ဒီလိုနဲ့ဒရွန်တွေရန်ကလွတ်လာတဲ့ မင်းသမီးလေးရာယာဟာ မှော်နဂါးကျောက်လုံးကို နဂိုအတိုင်းတခုထဲဖြစ်ဖို့ကြိုးစားရင်း ပျက်စီးနေတဲ့လောကကြီးကိုပြန်လည်ကောင်းမွန်လာအောင် အနစ်နာခံကာဘယ်လိုကြိုးပမ်းသွားလဲဆိုတာကိုတော့Channel Premiumကတင်ဆက်ပေးလိုက်တဲ့Raya and the Last Dragon (2021) ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုခံစားပေးပါဦးနော်။ ဒီဇာတ်ကားလေးဟာ Adventureဆန်ဆန် ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပေမယ့်လဲမိသားစုအချစ်၊ မိတ်ဆွေသူငယ်ချင်းအချစ်တွေကနေ ပေးစွမ်းလာမယ့်ရသမျိုးစုံကိုလဲ ခံစားရစေမယ့်ဇာတ်ကားကောင်းလေးဖြစ်တာမို့ ကြည့်ရှုသူပရိသတ်တွေကြိုက်နှစ်သက်ကြမယ်လို့ထင်မိပါတယ်။ Channel Premiumမှတင်ဆက်ပေးမှုတိုင်းဟာ ပရိသတ်တွေရဲ့ ဘဝအမောများကို တနေရာတထောင့်စာလေး ချွေးသိပ်အမောဖြေပေးနိုင်ဖို့မျှော်လင့်ရင်းနဲ့ အားပေးကြည့်ရှုတဲ့ပရိသတ်များနဲ့အတူ မြန်မာပြည်သူပြည်သားများ ဘေးအန္တရာယ်ကင်းပြီး ငြိမ်းချမ်းသာယာတဲ့နေ့သစ်တွေကို အမြန်ဆုံးခံစားပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။
(ဘာသာပြန်က နောက်ဆုံးပြီးခါနီးသီချင်းလေးပါTranပေးထားပါတယ်နော်)
(လူကြီးမင်းတို့၏ စီးပွားရေး ကြော်ညာများထည့်သွင်းလို့ပါကPage Chat Boxတွက်လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်)
(နောက်ပိုင်းMovieတေကိုG-Drive Linkနဲ့တင်ပေးတော့မှာဖြစ်ပါတယ်G-Drive Link Downရအလွယ်ဆုံးဖြစ်ပါတယ်နော်)
(Downနည်းကG-Drive AppကိုDown Webထဲ၀င်Downloadဆိုတာကိုနှိပ်ရင်နှိပ် မနှိပ်ရင်ကားနာမည်ကိုနှိပ်လိုက်ပါ ပြီးအပေါ်မှာမြှားလေးကိုတွေ့ရင်နှိပ် ဖုန်းဘေးဘောင်ထောင့်ကအစက်သုံးစက်နှိပ် open withနှိပ်G-Driveကိုရွေး အစက်သုံးစက်နှိပ်Downloadဆိုတာကိုနှိပ်Downရင်ရပါပြီ)
Translate By - 𝗠𝗼𝘁𝗼 𝗠𝗼𝘁𝗼
Reviews By - 𝗠𝗼𝘁𝗼 𝗠𝗼𝘁𝗼
Encoder By - 𝗗𝗲𝗲 𝗗𝗲𝗲
(တိုက်ရိုက်ကြည့်ရန်)
Comments
Post a Comment