𝗧𝗵𝗲 𝗖𝗿𝗼𝗼𝗱𝘀

𝗧𝗵𝗲 𝗖𝗿𝗼𝗼𝗱𝘀 (မြန်မာစာတန်းထိုး) {1080p}
2013 ‧ 𝗙𝗮𝗺𝗶𝗹𝘆/𝗖𝗼𝗺𝗲𝗱𝘆 ‧ 1𝗵 39𝗺

ဒီတခါChannel Premium Movie Pageကတင်ဆက်ပေးမယ့်ရုပ်ရှင်ကားလေးကတော့ 2013 March 15ရက်နေ့မှာထွက်ရှိခဲ့တဲ့The Croods(2013)ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ IMDb rating 7.2ရရှိထားတဲ့ Family/Comedyအမျိုးအစားရုပ်ရှင်ကားလေးလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးဟာ ရှေးခေတ်ဂူအောင်းလူသားတွေရဲ့ ခက်ခက်ခဲခဲအသက်ရှင်ရုန်းကန်ရပုံများနဲ့ ဂူအောင်းလူသား တနည်း လူကြမ်းကြီး‌တွေလို့ထင်ရတဲ့လူသားတွေရဲ့ ကြမ်းတမ်းခက်ထန်တဲ့လူနေမှုဘဝထဲက နူးညံ့အေးမြတဲ့မိသားစုချစ်ခြင်း‌၊ ကိုယ်ကိုတိုင်အခက်အခဲဖြစ်နေပေမယ့်လဲ တပါးသူအခက်အခဲဖြစ်ချိန်မှာပစ်ပယ်မထားရက်နိုင်ဘဲ ကိုယ်ချင်းစာနာကူညီတတ်တဲ့‌မေတ္တာတရားစသဖြင့် ကောင်းမွန်တဲ့ရသတွေကို လှစ်ဟပြထားတဲ့ရုပ်ရှင်ကားကောင်းလေးတကားဖြစ်ပါတယ်။ လူဟာအသက်ရှင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ အစာအာဟာရရှာ‌ဖွေစားသောက်ရတယ်။ ရှင်သန်နေတဲ့ဒီအသက်တချောင်းကိုရှည်‌စေဖို့၊ အသက်ရှည်ရှည်‌နေရဖို့အတွက်ဆိုရင်တော့ ရှာဖွေစားသောက်တတ်ရုံနဲ့မလုံလောက်တော့ပါဘူး။ ခန္ဓာနဲ့အစာကိုအချိန်အခါကြည့်ပြီး ရွေးချယ်ချင့်ချိန်စားသုံးတတ်တဲ့အသိဉာဏ်ရှိဖို့ လိုအပ်လာပါတယ်။ ဒီလိုပါပဲ ဒီကားလေးမှာလဲခွန်အားနဲ့အသိဉာဏ်ကို ဘက်မျှအောင်သုံးတတ်ဖို့လိုတဲ့အကြောင်း မီးမောင်းထိုးပြထားတာ‌တွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကားထဲကဂူအောင်းလူသားတွေဟာ အသက်ရှင်ဖို့အတွက်‌ခွန်အားသုံးရုန်းကန်ကာ အစာရှာဖွေစားသောက်ကြရင်းနဲ့ သူတို့ရဲ့အချိန်အများစုကိုဂူထဲမှာပဲကုန်ဆုံးခဲ့ကြရပါတယ်။ သူတို့ဟာသူတို့ပတ်ဝန်းကျင်မှာနောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ ဂူအောင်းလူသားခရုစ်တွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒီနေ့ဆိုတဲ့အမှောင်ထုထဲမှာပဲအာရုံစိုက်နေထိုင်တတ်ပြီး မနက်ဖြန်ရဲ့အလင်းရောင်တွေကို‌ မျှော်တွေးမနေတတ်တဲ့အဖေဖြစ်သူနဲ့ ဒီအလင်းရောင်တွေနောက်ကိုလိုက်ချင်တဲ့ သမီးဖြစ်သူတို့ရဲ့အမြင်သဘောထားမတူညီမှုတွေ၊ အဲ့ဒီနောက်မနက်ဖြန်ဆိုတဲ့နေရာတခုမှာ အခြေချနေထိုင်ချင်လို့ အလင်းတွေနောက်လိုက်ကာရှာဖွေနေတဲ့ကောင်လေးတယောက်ရဲ့အတွေးအမြင်အသစ်‌တွေနဲ့ သူတို့အချင်းချင်းဆုံတွေ့ခဲ့ပြီးနောက်ပိုင်းကြုံလာရတဲ့ အကောင်းအဆိုးရောနှောနေတဲ့အဖြစ်အပျက်၊အခြေအနေအစုံအလင်ကိုခံစားကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားလေးထဲမှာ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့အိဖ်ကသူ့အဖေကိုပြောသွားတဲ့စကားလေးတခွန်းရှိပါတယ်။ "ရှင်သန်ဖို့ကြိုးစားတာနဲ့မသေ‌အောင်‌ရုန်းကန်တာဟာမတူပါဘူး၊ အဲ့နှစ်ခုကကွဲပြားတယ်အဖေ"တဲ့။ ဒီ‌နေ့ဘယ်သူမှမထိခိုက်ရင်ပြီးရော၊ ဒီနေ့မိသားစုဘေးကင်းလုံခြုံရင်ရပြီ၊ ဂူထဲမှာနေရင်အရာရာအဆင်ပြေတယ်ဆိုတဲ့စိတ်နဲ့ မသေရုံတမယ်‌လေးစားသောက်ရဖို့ ခက်ခက်ခဲခဲရုန်းကန်ရှာဖွေ‌ကျွေးမွေး၊ ရှေ့ဆုံးကနေအနာခံပြီးကာကွယ်စောင့်ရှောက်၊မျှော်လင့်ချက်ဆိုတာတွေမရှိ၊ ပိုကောင်းမွန်တဲ့မနက်ဖြန်ဆိုတာ‌တွေမတွေးဘဲ အမှောင်ဂူထဲမှာနေသားတကျနေတတ်လာပြီး အသက်မသေအောင်ရုန်းကန်နေတဲ့ဂူအောင်းလူသားဖခင်တယောက်ရဲ့ဘဝတခုနဲ့ မျှော်လင့်ချက်‌တွေ၊ မနက်ဖြန်တွေ၊ အသစ်အဆန်းတွေ၊ အလင်းရောင်‌တွေရှိရာနောက်ကိုလိုက်ပြီး အတွေ့အကြုံအသစ်တွေနဲ့ကောင်းမွန်တဲ့မနက်ဖြန်မှာ အသက်ရှင်သန်နိုင်ဖို့ကြိုးစား‌ချင်တဲ့သမီးတယောက်ရဲ့ဘဝ ဒီဘဝနှစ်ခုကိုဒွန်တွဲရိုက်ပြထားတဲ့ရုပ်ရှင်ကားလေးလဲဖြစ်ပါတယ်။ ဒါ့အပြင်Channel Premiumပရိသတ်များအနေနဲ့လဲ ဒီဇာတ်ကားလေးကတဆင့် ဖခင်တ‌ယောက်ရဲ့ သားသမီးအတွက်ဆိုအနာခံပြီး ရှိသမျှခွန်အားသုံးကာကွယ်‌ပေး‌တတ်တဲ့မိဘ‌မေတ္တာတရားကို ရင်ထဲအရောက်သိနားလည်ခံစားလာရမယ့်အပြင် ဒီနေ့မှာရှိ‌နေတဲ့အသက်
ဝိဥာဥ်ကို မနက်ဖြန်တိုင်းမှာကောင်းမွန်စွာရှင်သန်နိုင်စေဖို့ ခွန်အားရှိရုံ၊ရှာဖွေစားသောက်တတ်ရုံနဲ့မရဘဲ ဉာဏ်လွှာသုံးပြီးချင့်ချိန်စားသောက်‌နေထိုင်တတ်ဖို့အရေးကြီးတယ်ဆိုတဲ့အသိတခုကိုလဲရရှိစေမယ်လို့‌မျှော်လင့်မိတဲ့အတွက် ဒီThe Croods(2013)ကားလေးကို ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်။ Channel Premiumမှတင်ဆက်ပေးမှုတိုင်းဟာ ပရိသတ်တွေရဲ့ ဘဝအမောများကို တနေရာတထောင့်စာ‌လေး ချွေးသိပ်အမောဖြေပေးနိုင်ဖို့မျှော်လင့်လျက် အားပေးကြည့်ရှုတဲ့ပရိသတ်များနဲ့အတူ မြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ကင်းပြီး ငြိမ်းချမ်းသာယာတဲ့နေ့သစ်တွေကို အမြန်ဆုံးခံစားပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

(ဘာသာပြန်က‌ နောက်ဆုံးပြီးခါနီးသီချင်းလေးပါTranပေးထားပါတယ်နော်)

(လူကြီးမင်းတို့၏ စီးပွားရေး ကြော်ညာများထည့်သွင်းလို့ပါကPage Chat Boxတွက်လာရောက်ဆက်သွယ်စုံစမ်း‌မေးမြန်းနိုင်ပါတယ်)

(နောက်ပိုင်းMovieတေကိုG-Drive Linkနဲ့တင်ပေးတော့မှာဖြစ်ပါတယ်G-Drive Link Downရအလွယ်ဆုံးဖြစ်ပါတယ်နော်)

(Downနည်းကG-Drive AppကိုDown Webထဲ၀င်Downloadဆိုတာကိုနှိပ်ရင်နှိပ် မနှိပ်ရင်ကားနာမည်ကိုနှိပ်လိုက်ပါ ပြီးအပေါ်မှာမြှားလေးကိုတွေ့ရင်နှိပ် ဖုန်းဘေးဘောင်ထောင့်ကအစက်သုံးစက်နှိပ် open withနှိပ်G-Driveကိုရွေး အစက်သုံးစက်နှိပ်Downloadဆိုတာကိုနှိပ်Downရင်ရပါပြီ)

Translate By - 𝗠𝗮𝘆 𝗡𝗮𝘆𝗰𝗵𝗶
Reviews By - 𝗠𝗮𝘆 𝗡𝗮𝘆𝗰𝗵𝗶
Encoder By - 𝗗𝗲𝗲 𝗗𝗲𝗲

#channelpremium

Comments