𝗧𝗵𝗲 𝗖𝗿𝗼𝗼𝗱𝘀: 𝗔 𝗡𝗲𝘄 𝗔𝗴𝗲

𝗧𝗵𝗲 𝗖𝗿𝗼𝗼𝗱𝘀: 𝗔 𝗡𝗲𝘄 𝗔𝗴𝗲 (မြန်မာစာတန်းထိုး) {1080p}
2020 ‧ 𝗙𝗮𝗺𝗶𝗹𝘆/𝗖𝗼𝗺𝗲𝗱𝘆 ‧ 1𝗵 35𝗺

ဒီတခေါက်Channel Premiumမှတင်ဆက်ပေးမယ့်ရုပ်ရှင်ကားလေးကတော့ အရင်တခါCPမှာတင်ဆက်ပေးခဲ့ဖူးတဲ့ The Croods(2013)ရဲ့အဆက် နောက်ထပ်အသစ်ထွက်ရှိထားတဲ့ Family/Comedyအမျိုးအစား ဇာတ်လမ်းကြာမြင့်ချိန်1h 35mရှိတဲ့ The Croods: A New Age(2020)ကားလေးပဲဖြစ်ပါတယ်။ Ratingအ‌နေနဲ့ကတော့ IMDb rating7 ရရှိထားပါတယ်။ အရင်ပထမအပိုင်းမှာ‌ ပိုကောင်းတဲ့မနက်ဖြန်ကိုရှာဖွေနေတဲ့ကောင်‌လေးဂိုင်းနဲ့ အလင်းတွေ၊ဖန်တီးမှုအသစ်တွေကို သဘောကျတဲ့‌ဂူအောင်းလူသားကောင်မလေးအိဖ်။ သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပြီးမေတ္တာမျှခဲ့ကြပေမယ့် ကောင်မလေးရဲ့အဖေဖြစ်သူဂရပ်ကအမြင်မကြည်ဖြူခဲ့ဘူး။ ဒီလိုနဲ့အလင်းတွေနောက်လိုက်ရင်း မနက်ဖြန်ကိုရှာဖွေရင်းဇာတ်လမ်းလေးအဆုံးသတ်ခဲ့တယ်။ အခုနောက်ဆက်တွဲဇာတ်ကားသစ်မှာတော့ ဂိုင်းနဲ့အိဖ်တို့မိသားစုရဲ့ ပိုကောင်းမွန်တဲ့မနက်ဖြန်ကိုရှာဖွေတဲ့စွန့်စားခန်းပုံရိပ်အသစ်တွေ၊ ဒီလိုရှာဖွေနေရင်းက နေရာသစ်တခုကိုသူတို့ရောက်ရှိသွားကြတဲ့အခါ ဂိုင်းနဲ့အိဖ်တို့ကြားကအချစ်ဇာတ်လမ်းထဲကိုဒွန်ဆိုတဲ့ကောင်မလေးတယောက် ထပ်ရောက်ရှိလာခဲ့တယ်။ ဖြစ်ချင်တော့ အဲ့ကောင်မလေးကဂိုင်းရဲ့ငယ်သူငယ်ချင်းဖြစ်နေတယ်။ ဒွန်ရဲ့မိဘတွေနဲ့ဂိုင်းမိဘတွေက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး သူတို့လူသားမျိုးနွယ်စုကိုBetter Manလို့ခေါ်ဆိုကြတယ်။ ဒီတော့မိဘလိုဖြစ်နေတဲ့မိသားစုနဲ့ပြန်တွေ့ရုံမက အချစ်ဆုံးငယ်သူငယ်ချင်းဖြစ်တဲ့ကောင်မလေးနဲ့ပြန်တွေ့ခဲ့ရတဲ့ဂိုင်းတယောက် better manတွေရဲ့better world သို့မဟုတ်modern worldနဲ့ထိတွေ့ခဲ့ရတဲ့နောက်ပိုင်း အိဖ်အပေါ်အမြင်တွေဘယ်လိုပြောင်းလဲသွားသလဲ၊ အိဖ်နဲ့သူနဲ့ကြားကဆက်ဆံရေး‌ကဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ဒီဇာတ်ကားထဲမှာ ထပ်မံခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဂိုင်းကိုဒွန်နဲ့အနေနီးစပ်စေချင်တဲ့ဒွန်ရဲ့မိဘတွေက အိဖ်တို့မိသားစုအပေါ် အပေါ်ယံကောင်းသလိုနေပြခဲ့တယ်။ နောက်ကွယ်မှာတော့Cave familyထဲမှာတစုတစည်းတည်း‌နေခဲ့ပြီး တဖွဲ့ထဲလိုမျိုးနေသားကျလာခဲ့တဲ့ကောင်လေး၊ better manမျိုးနွယ်စုကဆင်းသက်လာတဲ့ကောင်လေးဖြစ်တဲ့ဂိုင်းကို သူတို့လိုbetter manပုံစံဖြစ်လာဖို့ ဘယ်လိုပြန်လည်ပုံသွင်းကြသလဲ သူတို့နဲ့အတူနေဖို့အတွက် အိဖ်မိသားစုဆီကနေဘယ်လိုလုယူဖို့ကြိုးစားကြသလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်သလို ဂိုင်းရှာဖွေနေတဲ့ပိုကောင်းတဲ့မနက်ဖြန်ဆိုတာဘယ်လိုနေရာမျိူးလဲ..သူတကယ်တွေ့သွားတဲ့မနက်ဖြန်ကကောဘယ်လိုပုံစံမျိုးလဲဆိုတာသိရဖို့ ဒီဇာတ်ကားလေးကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ ဪ..ဒါနဲ့better manတွေနဲ့ cave peopleတွေအစပိုင်းမှာတော့ အမြင်မကြည်စရာတွေဖြစ်ခဲ့ပေမယ့်လဲ နောက်ပိုင်းမှာတော့ဘယ်လိုအရာ‌‌တွေကြောင့် ဘယ်လောက်တောင်ချစ်ခင်သွားကြလဲဆိုတာကိုလဲ ဒီကားလေးထဲမှာထပ်မံမြင်တွေ့ခံစားရမှာပါနော်။ ပထမအပိုင်းကြည့်ပြီးသားပရိသတ်တွေအနေနဲ့က‌တော့ ဒီဒုတိယမြောက်ထွက်လာတဲ့အပိုင်းကိုကြည့်ရင် ပိုပြီးအရသာရှိကာဇာတ်ရည်လည်မှာအမှန်ပါပဲ။ ပထမအပိုင်းမကြည့်ရသေးတဲ့ပရိသတ်တွေကလဲစိတ်မပူပါနဲ့နော်။ ပထမအပိုင်းThe Croods(2013)ကားလေးကိုလဲ ဒီပေ့ခ်ျမှာပဲတင်ထားပေးပြီးသားဖြစ်တာမို့ ပေ့ခ်ျလေးထဲဝင်ရှာပြီးdownloadယူကာအရင်ကြည့်ရှုလို့ရပါတယ်နော်။ ပထမအပိုင်းကြည့်ပြီးမှဒုတိယအပိုင်းကြည့်တာက ကြည့်ရှုသူပရိသတ်တွေကို ပိုပြီးဇာတ်ရည်လည်ကာပိုကြည့်လို့ကောင်းစေမှာအမှန်ပါပဲ။ Channel Premiumမှတင်ဆက်ပေးမှုတိုင်းဟာ ပရိသတ်တွေရဲ့ ဘဝအမောများကို တနေရာတထောင့်စာ‌လေး ချွေးသိပ်အမောဖြေပေးနိုင်ဖို့မျှော်လင့်လျက် အားပေးကြည့်ရှုတဲ့ပရိသတ်များနဲ့အတူ မြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ကင်းပြီး ငြိမ်းချမ်းသာယာတဲ့နေ့သစ်တွေကို အမြန်ဆုံးခံစားပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

(ဘာသာပြန်က‌ နောက်ဆုံးပြီးခါနီးသီချင်းလေးပါTranပေးထားပါတယ်နော်)

(လူကြီးမင်းတို့၏ စီးပွားရေး ကြော်ညာများထည့်သွင်းလို့ပါကPage Chat Boxတွက်လာရောက်ဆက်သွယ်စုံစမ်း‌မေးမြန်းနိုင်ပါတယ်)

(နောက်ပိုင်းMovieတေကိုG-Drive Linkနဲ့တင်ပေးတော့မှာဖြစ်ပါတယ်G-Drive Link Downရအလွယ်ဆုံးဖြစ်ပါတယ်နော်)

(Downနည်းကG-Drive AppကိုDown Webထဲ၀င်Downloadဆိုတာကိုနှိပ်ရင်နှိပ် မနှိပ်ရင်ကားနာမည်ကိုနှိပ်လိုက်ပါ ပြီးအပေါ်မှာမြှားလေးကိုတွေ့ရင်နှိပ် ဖုန်းဘေးဘောင်ထောင့်ကအစက်သုံးစက်နှိပ် open withနှိပ်G-Driveကိုရွေး အစက်သုံးစက်နှိပ်Downloadဆိုတာကိုနှိပ်Downရင်ရပါပြီ)

Translate By - 𝗠𝗮𝘆 𝗡𝗮𝘆𝗰𝗵𝗶
Reviews By - 𝗠𝗮𝘆 𝗡𝗮𝘆𝗰𝗵𝗶
Encoder By - 𝗗𝗲𝗲 𝗗𝗲𝗲

#channelpremium

Comments