𝗦𝗽𝗶𝗿𝗶𝘁 𝗨𝗻𝘁𝗮𝗺𝗲𝗱 (မြန်မာစာတန်းထိုး) {1080p}
2021 ‧ 𝗙𝗮𝗺𝗶𝗹𝘆/𝗔𝗱𝘃𝗲𝗻𝘁𝘂𝗿𝗲 ‧ 1𝗵 30𝗺
ဒီတစ်ခါတင်ဆက်ပေးမယ့်ရုပ်ရှင်လေးကတော့ ဒီနှစ်June 4, 2021မှာထွက်ရှိလာပြီး Universal Picturesကdistributeလုပ်ကာ DreamWorks Animationကproduceလုပ်ခဲ့တဲ့ Adventure&Familyအမျိုးအစား၊ American computer-animated adventure filmဖြစ်တဲ့ "Spirit Untamed"ဆိုတဲ့ရုပ်ရှင်ကားလေးပါ။ Directorတွေကတော့Elaine Boganနဲ့co-directorအနေနဲ့ Ennio Torresan Jr.တို့ကရိုက်ကူးထားပါတယ်။ ဒီကားလေးကတော့ IMDb5.4ရရှိထားပါတယ်။ ဇာတ်လမ်းလေးကတော့ စွန့်စားချင်တဲ့ဗီဇဝါသနာထုံတဲ့ လပ်ကီးဆိုတဲ့ကောင်မလေးနဲ့ သူ့သူငယ်ချင်းတွေရဲ့စွန့်စားခန်းတွေကိုအဓိကထား ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ လပ်ကီးရဲ့အမေကမြင်းစီးကျွမ်းကျင်တဲ့သူတယောက်ဖြစ်ပြီး တနေ့မှာတော့မြင်းစီးပြကွက်တွေပြရင်းက မတော်တဆမှုဖြစ်ကာ ဆုံးပါးသွားပါတယ်။ အဲ့ဒီနောက်သူ့အဖေဟာ စိတ်ဒဏ်ရာရခဲ့ပြီးလပ်ကီးကို အဖိုးဖြစ်သူရှိရာမြို့ပေါ်ကိုပို့ထားလိုက်ပါတယ်။ လပ်ကီးဟာအဖိုးရဲ့အိမ်မှာ အဒေါ်ဖြစ်သူအန်တီကော်ရာရဲ့ စောင့်ရှောက်မှုနဲ့ကြီးပြင်းလာခဲ့ရပါတယ်။ ဒီလိုနဲ့အဖိုးဖြစ်သူက ပြည်နယ်အုပ်ချုပ်ရေးနေရာအတွက် မဲဆွယ်ယှဉ်ပြိုင်ဖို့လုပ်နေတဲ့ကာလမှာ လပ်ကီးရဲ့ပြဿနာကိုမီးထွန်းရှာတတ်တဲ့ အကျင့်လေးတွေကြောင့် အဖိုးဖြစ်သူလဲအိပ်ရာထဲခဏလဲလျောင်းဖို့ဖန်လာရပါတယ်။ ဒါကြောင့်နေပြန်ကောင်းတဲ့အခါ တအိမ်လုံးမွှေနှောက်မယ့်သူမရှိဘဲ အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အတွက်ရည်ရွယ်တာကတကြောင်း အဖေဖြစ်သူနဲ့လဲအတူနေရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ လပ်ကီးကိုသူ့အဖေရှိရာမြို့ဆီ နွေရာသီအားလပ်ရက်မှာ အန်တီကော်ရာနဲ့အတူလွှတ်လိုက်ပါတော့တယ်။ မသွားချင်သွားချင်နဲ့လိုက်လာရတဲ့လပ်ကီးတယောက် ငယ်ငယ်လေးကတည်းက ကွဲကွာခဲ့ရတဲ့အဖေဖြစ်သူနဲ့ ပြန်တွေ့ဆုံရတဲ့အခါ သားအဖနှစ်ယောက်ကြားမှာဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ သူ့အမေရဲ့သွေးတွေစီးဆင်းနေတဲ့လပ်ကီးတယောက် သူ့အမေလိုမျိုးမြင်းစီးကျွမ်းကျင်တဲ့သူတယောက်ဖြစ်လာလေမလား၊ သူ့အဖေရှိရာမြို့မှာသူငယ်ချင်းအသစ်တွေရပြီး သူတို့ဘယ်လိုစွန့်စားခန်းတွေကိုအတူဖြတ်ကျော်ကြမလဲ၊ မြင်းစီးလေ့ကျင့်ဖို့အတွက် အသာတကြည်လက်ခံပေးမယ့်မြင်းကိုကော ဘယ်လိုအခက်အခဲတွေကြုံရပြီးမှရလာလိမ့်မလဲ စတဲ့အကြောင်းအရာတွေကို ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်။ ဒီရုပ်ရှင်ကားလေးဟာ မိဘနဲ့သားသမီးကြားက အနှိုင်းမဲ့တဲ့မေတ္တာတရားနဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ချစ်ခြင်း၊ ယုံကြည်မှု၊ သံယောဇဉ်တွေကို ခံစားသိရှိလာစေမယ့် Animationကားလေးဖြစ်တာမို့ ဒီကားလေးကတဆင့် မိဘတွေရဲ့မေတ္တာတရားကိုတန်ဖိုးထားတတ်ကာ သူငယ်ချင်းကောင်းတွေရဲ့တန်ဖိုးကိုနားလည်စေဖို့ မျှော်လင့်မိပါတယ်ရှင်။ မတူညီတဲ့အခက်အခဲတွေကြားက တခဏတာအပန်းဖြေရင်း အားပေးကြည့်ရှုပေးတဲ့ ပရိသတ်တဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ Channel Premiumမှတင်ဆက်ပေးမှုတိုင်းဟာ ပရိသတ်တွေရဲ့ ဘဝအမောများကို တနေရာတထောင့်စာလေး ချွေးသိပ်အမောဖြေပေးနိုင်ဖို့မျှော်လင့်လျက် အားပေးကြည့်ရှုတဲ့ပရိသတ်များနဲ့အတူ မြန်မာပြည်သူပြည်သားများ ဘေးအန္တရာယ်ကင်းပြီး ငြိမ်းချမ်းသာယာတဲ့နေ့သစ်တွေကို အမြန်ဆုံးခံစားပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။
(လူကြီးမင်းတို့၏ စီးပွားရေး ကြော်ညာများထည့်သွင်းလို့ပါကPage Chat Boxတွက်လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်)
(နောက်ပိုင်းMovieတေကိုG-Drive Linkနဲ့တင်ပေးတော့မှာဖြစ်ပါတယ်G-Drive Link Downရအလွယ်ဆုံးဖြစ်ပါတယ်နော်)
(Downနည်းကG-Drive AppကိုDown Webထဲ၀င်Downloadဆိုတာကိုနှိပ်ရင်နှိပ် မနှိပ်ရင်ကားနာမည်ကိုနှိပ်လိုက်ပါ ပြီးအပေါ်မှာမြှားလေးကိုတွေ့ရင်နှိပ် ဖုန်းဘေးဘောင်ထောင့်ကအစက်သုံးစက်နှိပ် open withနှိပ်G-Driveကိုရွေး အစက်သုံးစက်နှိပ်Downloadဆိုတာကိုနှိပ်Downရင်ရပါပြီ)
Translate By - 𝗠𝗮𝘆 𝗡𝗮𝘆𝗖𝗵𝗶
Reviews By - 𝗠𝗮𝘆 𝗡𝗮𝘆𝗖𝗵𝗶
Encoder By - 𝗗𝗲𝗲 𝗗𝗲𝗲
(တိုက်ရိုက်ကြည့်ရန်)
Comments
Post a Comment