Jujutsu Kaisen 0

Jujutsu Kaisen 0 (မြန်မာစာတန်းထိုး) {1080p}
2021 ‧ Fantasy/Action ‧ 1h 45m

Review: လောကမှာ စွမ်းအားအကြီးဆုံး လက်နက်က ဘာပါလဲ။အဲ့ဒီ မေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ " အချစ် "လို့သာ ဖြေချင်ပါတယ်။အချစ်ဟာ လူတစ်ယောက်ကို ခွန်အားတိုးလာအောင်လည်း လုပ်ဆောင်နိုင်သလို လျော့နည်းအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။အခု ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း နောက်ဘဝ ကူးပြောင်းသွားတာတောင် သံယောဇဉ်မပြတ်သေးတဲ့ ငယ်သူငယ်ချင်းမလေး Rikaရဲ့ အချစ်ကြောင့် Yuutaရဲ့ ကျိန်စာ အစွမ်းဟာ အရမ်းကို မြင့်မားပါတယ်။Rikaဟာ ငယ်စဉ်အခါက ကားတိုက်ခံရလို့ သေဆုံးခဲ့ရာကနေ ကျိန်စာကောင်အဖြစ် ပြောင်းလဲသွားပြီး Yuutaရဲ့ အနောက်ကို အရိပ်တစ်ခုလို အမြဲ ပါနေပြီး Yuutaအပေါ်ကျရောက်မယ့် အန္တရာယ်တွေကို ဖယ်ရှားပေးနေခဲ့ပါတယ်။တစ်နေ့တော့ Tokyo Jujutsu ကျောင်းတော်ကနေ Yuutaကို သူတို့ကျောင်းမှာ ပညာလာရောက်သင်ကြားဖို့ ကမ်းလှမ်းခဲ့ပါတယ်။Tokyo Jujutsuကျောင်းတော်ကို Yuuta သွားရောက်တဲ့ အခါမှာတော့ သာမာန်ကျောင်းတွေနဲ့ မတူပဲ တမူထူးခြားနေပါတယ်။Yuutaတစ်ယောက် ကိုယ်နဲ့ သဟဇာတ မဖြစ်သေးတဲ့ နယ်ပယ်တစ်ခုမှာ ဘယ်လို ကြိုးစားရုန်းကန်ပြီး ရှင်သန်မလဲ။ဘယ်လို အခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။Animationပိုင်းမှာလည်း ကောင်းမွန်ပြီး fight scene‌s‌တွေလည်း သေချာလေး ရိုက်ပြထားတာမလို့ အားလုံး စောင့်မျှော်ရကျိုးနပ်စေမယ်လို့ ယုံကြည်ပါတယ်။

Download လုပ်နည်း - (G-Drive | MediaFire)

1080p Download - (G-Drive | StreamSB | MegaUp | KrakenFiles)
#channelpremium

Comments